The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 7 › မိက္ခာအနာဂတ္တိကျမ်း 7:12

မိက္ခာအနာဂတ္တိကျမ်း 7:12

ထိုကာလ၌ အာရှုရိပြည်နှင့် အဲဂုတ္တုမြို့များမှ၎င်း၊ အဲဂုတ္တုပြည်နှင့် မြစ်ကြီးစပ်ကြားအရပ်မှ၎င်း၊ ပင်လယ်ကမ်းနားအရပ်ရပ်၊ တောင်ခြေရင်းအရပ်ရပ်တို့ မှ၎င်း၊ သင့်ထံသို့ လာကြလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

In that day also he shall come even to thee from Assyria, and from the fortified cities, and from the fortress even to the river, and from sea to sea, and from mountain to mountain.

In Context

11သင်၏မြို့ရိုးတည်သောကာလသည် ရောက်လိမ့် မည်။ အမိန့်တော်အရှိန်ကုန်လိမ့်မည်။

13ထိုသို့ မဖြစ်မှီ ပြည်သူပြည်သားပြုမိသော ဒုစ ရိုက်အပြစ်ကြောင့် ပြည်တော်သည် လူဆိတ်ညံလျက် ရှိရလိမ့်မည်။

Read all of မိက္ခာအနာဂတ္တိကျမ်း 7

Cross References

Isaiah 19:23ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။

Isaiah 43:6အပ်လော့ဟု မြောက်မျက်နှာကို၎င်း၊ မထိမ်နှင့် ဟု တောင်မျက်နှာကို၎င်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊

Isaiah 60:4အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။

Jeremiah 3:18ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာအရပ်က တစု တည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည်။

Jeremiah 31:8သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။

Ezekiel 37:21အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 7:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 7:11မိက္ခာအနာဂတ္တိကျမ်း 7မိက္ခာအနာဂတ္တိကျမ်း 7:13 →