မိက္ခာအနာဂတ္တိကျမ်း 7:17
မြွေကဲ့သို့ မြေမှုန့်ကိုလျက်၍၊ တီကဲ့သို့တွင် ထဲက တုန်လှုပ်လျက် ထွက်ကြလိမ့်မည်။ ငါတို့ဘုရားသခင် ထာဝရဘုရားကို၎င်း၊ သင့်ကို၎င်း ကြောက်ရွံ့ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 7
Cross References
Exodus 15:14လူမျိုးတို့သည် သိတင်းကြား၍ ကြောက်လန့်ကြလိမ့်မည်။ ပါလေတ္တိနပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ ရောက်ကြလိမ့်မည်။
Joshua 9:24သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
2 Samuel 22:46ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက် ထွက်ကြပါ၏။
Psalms 9:20အိုထာဝရဘုရား၊ သူတို့ကို ချောက်လှန့်တော် မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။
Psalms 72:9တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
Isaiah 2:19ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။