The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 7 › မိက္ခာအနာဂတ္တိကျမ်း 7:8

မိက္ခာအနာဂတ္တိကျမ်း 7:8

အချင်းရန်သူ၊ ငါ့အပေါ်မှာ ဝါကြွားဝမ်းမြောက် ခြင်း မရှိနှင့်။ ငါလဲသော်လည်း ထဦးမည်။ မှောင်မိုက်၌ ထိုင်ရသော်လည်း၊ ထာဝရဘုရားသည် ငါ၏အလင်းဖြစ် တော်မူလိမ့်မည်။

1835 Judson Burmese Bible

In The King James Version

Rejoice not against me, O mine enemy: when I fall, I shall arise; when I sit in darkness, the LORD shall be a light unto me.

In Context

7ငါမူကား၊ ထာဝရဘုရားကို မြော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားထောင်တော် မူမည်။

9ငါသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ အမျက်တော်ကို ခံရ၏။ ငါ့အမှုကို စစ်ကြော၍ တရားဆုံး ဖြတ်တော်မမူမှီတိုင်အောင် ငါခံရ၏။ ငါ့ကို အလင်းထဲသို့ ထုတ်၍ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်း ပါရမီတော်ကို ငါမြင်ရလိမ့်မည်။

Read all of မိက္ခာအနာဂတ္တိကျမ်း 7

Cross References

Job 31:29ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။

Psalms 20:8သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရ ဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။

Psalms 35:15ငါလဲသောအခါမူကား၊ သူတို့သည် ဝမ်းမြောက် ၍ စည်းဝေးကြ၏။ ရိုက်ပုတ်သောသူတို့သည် ငါ့တဘက် ၌စည်းဝေးကြ၏။ သူတို့ကိုလည်း ငါမသိရ။ မရပ်မနားဘဲ ငါ့ကို ဆွဲဖြတ်ကြ၏။

Psalms 35:24အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် ဖြောင့်မတ်တော်မူခြင်းနှင့်အညီ၊ အကျွန်ုပ် အမှုကို ဆုံးဖြတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ကို နိုင်၍ ဝမ်းမမြောက်ကြပါစေနှင့်။

Psalms 37:24ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။

Psalms 41:10အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 7:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 7:7မိက္ခာအနာဂတ္တိကျမ်း 7မိက္ခာအနာဂတ္တိကျမ်း 7:9 →