The Bible Software
bible.software › နာဟုံအနာဂတ္တိကျမ်း › နာဟုံအနာဂတ္တိကျမ်း 2 › နာဟုံအနာဂတ္တိကျမ်း 2:10

နာဟုံအနာဂတ္တိကျမ်း 2:10

မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။

1835 Judson Burmese Bible

In The King James Version

She is empty, and void, and waste: and the heart melteth, and the knees smite together, and much pain is in all loins, and the faces of them all gather blackness.

In Context

9ငွေကို လုယူကြ။ ရွှေကိုလည်း လုယူကြ။ နှစ် သက်ဘွယ်သော တန်ဆာများကို ရွှေတိုက်တော်ထဲက ထုတ်၍ မကုန်နိုင်။

11ခြင်္သေ့နေရာအရပ်၊ ခြင်္သေ့ပျို စားရာအရပ်၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးတို့သည် အဘယ်သူမျှ မကြောက်စေဘဲ၊ ကျင်လည်ရာအရပ်သည် အဘယ်မှာ ရှိသနည်း။

Read all of နာဟုံအနာဂတ္တိကျမ်း 2

Cross References

Genesis 1:2မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

Psalms 22:14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။

Isaiah 13:19တိုင်းနိုင်ငံတို့၏ အထွဋ်၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။

Isaiah 21:3ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။

Isaiah 34:10နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။

Jeremiah 30:6ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study နာဟုံအနာဂတ္တိကျမ်း 2:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← နာဟုံအနာဂတ္တိကျမ်း 2:9နာဟုံအနာဂတ္တိကျမ်း 2နာဟုံအနာဂတ္တိကျမ်း 2:11 →