နာဟုံအနာဂတ္တိကျမ်း 2:5
စစ်သူရဲတို့ကို နှိုးဆော်တော်မူ၏။ သူတို့သည် ချီသွားစဉ် သူတပါးကို တွန်းချကြ၏။ မြို့ရိုးသို့ အလျင် အမြန်သွား၍ ပြအိုးတို့ကို ပြင်ဆင်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
6မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။
Read all of နာဟုံအနာဂတ္တိကျမ်း 2
Cross References
Isaiah 21:5စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက်နေကြပြီ။ အိုမင်းများတို့၊ ထကြ၊ လွှားကို ဆီလောင်းကြ။
Jeremiah 50:29လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
Nahum 3:3မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။
Habakkuk 1:8သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။