နာဟုံအနာဂတ္တိကျမ်း 3:13
သင်၏လူတို့သည် သင့်အလယ်၌ မိန်းမကဲ့သို့ ဖြစ်၍၊ ပြည်တံခါးတို့သည် ရန်သူတို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင်တို့သည် မီးလောင်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of နာဟုံအနာဂတ္တိကျမ်း 3
Cross References
Psalms 107:16အကြောင်းမူကား၊ ကြေးဝါးတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
Isaiah 19:16ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။
Isaiah 45:2သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
Jeremiah 51:30ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက် များ၌နေကြ၏။ အားလျော့၍မိန်းမကဲ့သို့ ဖြစ်ကြ၏။ မြို့သားနေရာတို့ကိုမီးရှို့၍၊ တံခါးကျင်တို့ကို ချိုးဖဲ့ကြ၏။
Nahum 2:6မြစ်တံခါးပွင့်လျှင်၊ နန်းတော်သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ်ချွတ်၍ ထုတ်ရ၏။