Nehemiah 10:33
မြဲသောမီးရှို့ရာယဇ်၊ဓမ္မပွဲ၊ သန့်ရှင်းသောအသုံး အဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
32ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့်၊
Cross References
Leviticus 24:5သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊-
2 Chronicles 2:4ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ၎င်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှါ၎င်း၊ ညဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်းငှါ၎င်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော် ကို တည်ဆောက်၍ ပူဇော်ရမည်။
Hebrews 10:11ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။