Nehemiah 12:44
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 8:24လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည်။
1 Chronicles 9:26ထိုလေဝိသားတို့တွင် တံခါးစောင့်ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ်တော်အခန်းများနှင့် ဘဏ္ဍာတိုက်များကို စောင့်ရ ကြ၏။
1 Chronicles 26:20လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
2 Chronicles 5:11ထိုအခါစည်းဝေးသော ယဇ်ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မစောင့်၊ ရှိသမျှ တို့သည် သန့်ရှင်းသည်ဖြစ်၍ သန့်ရှင်းရာဌာနထဲက ထွက်ပြီးလျှင်၊
2 Chronicles 31:11ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည် အတိုင်း ပြင်ဆင်၍၊
Nehemiah 10:37အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။