Nehemiah 13:4
အရင်တခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ်၍၊
1835 Judson Burmese Bible
In The King James Version
In Context
3ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
Cross References
Nehemiah 2:10ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။
Nehemiah 6:17ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
Nehemiah 12:44ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုး သားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ် ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သက္ကာ၊ အဦးသီးသောအသီး၊ ဆယ်ဘို့တဘို့ကို မြို့နယ်ကျေးလက် ထဲက သိမ်းယူ၍၊ သိုထားစရာဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။