Nehemiah 13:7
ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ဧလျာရှိပ် သည် ဘုရားသခင်၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။
1835 Judson Burmese Bible
In The King James Version
In Context
8ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
Cross References
Ezra 9:1ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။
Nehemiah 13:5ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာ မျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။
Matthew 21:12ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
1 Corinthians 1:11အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။