Nehemiah 2:13
ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
1835 Judson Burmese Bible
In The King James Version
In Context
14စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
Cross References
Nehemiah 1:3သူတို့က၊ သိမ်းသွားခြင်းကို ခံရသော လူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဟု ပြန်ပြောကြ၏။
Nehemiah 2:15တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။
Nehemiah 3:13ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သား တို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင်တထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။
Nehemiah 12:31ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစုကားလက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုး ပေါ်မှာ ရှောက်သွားကြ၏။