Nehemiah 2:8
ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezra 5:5ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ် အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒ အမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့ လျှောက်စာကိုပေးလိုက်ကြ၏။
Ezra 6:22ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏အကြောင်းမူကား၊ ထာဝရ ဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည် ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည် အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေ တော်မူ၏။
Ezra 7:9ပဌမလတရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဉ္စမလတရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူး တော်ကြောင့်၊ ယေရုရှလင်မြို့သို့ရောက်လေ၏။
Nehemiah 2:17နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊
Nehemiah 3:1ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါး ကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။
Proverbs 21:1ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။