Nehemiah 9:16
သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 15:26သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူ သောအကျင့်ကို ကျင့်လျှင်၎င်း၊ ပညတ်တရားတော်အလိုသို့ လိုက်၍ စီရင်တော်မူချက်တို့ကို စောင့်ရှောက်လျှင် ၎င်း၊ ငါသည် အဲဂုတ္တုလူတို့၌ စွဲစေသော ရောဂါတစုံတခုကိုမျှ သင်တို့၌ မစွဲစေ။ ငါသည် သင်တို့၏ ရောဂါကို ငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Deuteronomy 1:26သင်တို့သည် မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ အမိန့်တော်ကို ဆန်လျက်၊
Deuteronomy 9:6သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်၏။
Deuteronomy 9:23ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။
Deuteronomy 31:27သင်တို့အမျိုးသည် ပုန်ကန်တတ်သော သဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက် ရှင်၍၊ သင်တို့တွင် နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
2 Kings 17:14သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။