တောလည်ရာကျမ်း 1:18
ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကို စည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကို ဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏ နာမည်ပေါင်းကို မှတ်သဖြင့်၊
1835 Judson Burmese Bible
In The King James Version
In Context
17ထိုသို့နာမည်ဖြင့် ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
19ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ ကို ရေတွက်လေ၏။
Cross References
Numbers 1:1ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Nehemiah 7:61ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊
Hebrews 7:6သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။