တောလည်ရာကျမ်း 1:51
တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 3:10အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
Numbers 4:1တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊
Numbers 4:19သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို ချဉ်းကပ်သောအခါ သေဘေးလွတ်၍ အသက်ရှင်မည် ဖြစ်ကြောင်း အာရုန်နှင့် သူ၏သားတို့သည် အရင်ဝင်၍ လူအသီးသီးစောင့်ရသောအမှု၊ ထမ်းရသောဝန်တို့ကို ခွဲခန့်ရမည်။
Numbers 10:11ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊
Numbers 10:21ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
Numbers 17:5ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊