တောလည်ရာကျမ်း 11:13
ဤလူအပေါင်းတို့အား ကျွေးစရာဘို့ အမဲသားကို အကျွန်ုပ်သည် အဘယ်မှာရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ်တို့ စားစရာဘို့ အမဲသားကိုပေးပါဟု ငိုကြွေးလျက် အကျွန်ုပ်ကိုတောင်းကြပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
14ဤလူအပေါင်းတို့ကို အကျွန်ုပ်တယောက်တည်းသာ မဆောင်ရွက်နိုင်ပါ။ ဆောင်ရွက်ရသော ဝန်လည်း လေးလွန်းပါ၏။
Cross References
Numbers 11:20သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာ ဖြစ်သည်တိုင်အောင် တလပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရ ဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရာကြသနည်းဟု ရှေ့တော်၌ ငိုကြွေးလျက် ပြောဆိုကြပြီ တကားဟု မောရှေအား မိန့်တော်မူ၏။
2 Kings 4:43ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
Matthew 15:33တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ် ၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊
Mark 9:23ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။