တောလည်ရာကျမ်း 13:2
ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
1835 Judson Burmese Bible
In The King James Version
In Context
1တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
Cross References
Exodus 18:25တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။
Numbers 11:16ထာဝရဘုရားကလည်း၊ သင်ကျွမ်းကျင်သော ဣသရေလအမျိုးသား အသက်ကြီးခုနစ်ကျိပ်တို့ကို ငါ့ရှေ့မှာ စုဝေးစေပြီးလျှင်၊ ပရိသတ်စည်းဝေးရာ တဲတော် သို့ ခေါ်ခဲ့၍ သင်နှင့်အတူ ရပ်နေကြစေလော့။
Numbers 32:8ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
Deuteronomy 1:15ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသော လူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်း ဟူသော လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်၊ အကြပ်အဆော် အရာ၌ ခန့်ထား၏။
Joshua 2:1နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။