တောလည်ရာကျမ်း 14:24
ငါ့ကျွန်ကာလက်မူ ကား ထူးခြားသော သဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကို ငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြ လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 14:6ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏ သားယောရှု၊ ယေဖုန္နာ၏သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ်၍၊
Numbers 32:11ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
Deuteronomy 1:36ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့် မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟု ကျိန်ဆို တော်မူ၏။
Joshua 14:6ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင် ၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ၏။
1 Chronicles 29:9လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညို သော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သော ကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
2 Chronicles 25:2ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရား သောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။