The Bible Software
bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 15 › တောလည်ရာကျမ်း 15:25

တောလည်ရာကျမ်း 15:25

ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။

1835 Judson Burmese Bible

In The King James Version

And the priest shall make an atonement for all the congregation of the children of Israel, and it shall be forgiven them; for it is ignorance: and they shall bring their offering, a sacrifice made by fire unto the LORD, and their sin offering before the LORD, for their ignorance:

In Context

24ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။

26ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။

Read all of တောလည်ရာကျမ်း 15

Cross References

Leviticus 4:26မိဿဟာယယဇ်ကောင်ဆီဥကို ပြုသကဲ့သို့ ဆီဥရှိသမျှကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် မင်း၏ အပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။

Leviticus 4:35မိဿဟာယယဇ်ကောင် သိုးသငယ်ဆီဥကို ပြုသကဲ့သို့၊ ဆီဥရှိသမျှကို ယူ၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ထိုသူ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။

Luke 23:34ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ ဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။

Romans 3:25ဘုရားသခင်သည် သည်းခံတော်မူ၍၊

1 John 2:2ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တောလည်ရာကျမ်း 15:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တောလည်ရာကျမ်း 15:24တောလည်ရာကျမ်း 15တောလည်ရာကျမ်း 15:26 →