bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 15 › တောလည်ရာကျမ်း 15:27
တောလည်ရာကျမ်း 15:27
လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
1835 Judson Burmese Bible
In The King James Version
And if any soul sin through ignorance, then he shall bring a she goat of the first year for a sin offering.
In Context
26ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
28ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
Read all of တောလည်ရာကျမ်း 15
Cross References
Leviticus 4:27ဆင်းရဲသားတစုံတယောက်သည် တရားကို မသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ် မှား၍၊ မပြုအပ်သော အမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊-
Acts 17:30ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
This Verse In Other Editions
Study တောလည်ရာကျမ်း 15:27