တောလည်ရာကျမ်း 16:40
ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 30:7အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။
Numbers 1:51တဲတော်ကို ယူသွားချိန် ရောက်သောအခါ၊ လေဝိသားတို့သည် ရုပ်သိမ်းရမည်။ နေရာချချိန်ရောက် သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတပါး အခြားသော အမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကို ခံရမည်။
Numbers 3:38မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
1 Kings 13:1ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
Psalms 115:10အိုအာရုန်အမျိုးအနွယ်၊ ထာဝရဘုရားကို ကိုးစားလော့။ ထာဝရဘုရားသည် အာရုန်အမျိုးအနွယ်ကို မစသောသူ၊ ကွယ်ကာသောသူ ဖြစ်တော်မူ၏။