တောလည်ရာကျမ်း 18:23
လေဝိသားတို့သည် ပရိသတ်စည်းဝေးရာ တဲ တော်အမှုကို ဆောင်ရွက်၍၊ ကိုယ်အပြစ်ကို ကိုယ်ခံရကြ မည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရကြဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်ဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 3:7သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
Numbers 18:20တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ နေရာပြည်၌ သင့်အမွေခံရာမြေ၊ သူတို့နှင့်ရော၍ ပိုင်သောအဘို့ မရှိရ။ ငါသည်ကား သူတို့တွင် သင်ပိုင်သောအဘို့ သင့်အမွေ ဥစ္စာဖြစ်၏။
Numbers 26:62အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
Deuteronomy 10:9ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဇယုန်ဂါဗာ အရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရတောင်၌ စားခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကို သင်္ဂြိုဟ်ရ၏။ သူ၏သား ဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရော ဟိတ်အမှုကို ဆောင်ရ၏။