တောလည်ရာကျမ်း 18:24
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား အား ပူဇော်သကာပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ကို၊ လေဝိသားအမွေခံစရာဘို့ ငါပေးပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလအမျိုးသားတို့နှင့် ရော၍ အမွေမခံရဟု ငါ့အမိန့်တော်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
25တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ၊
Cross References
Leviticus 27:30စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသော အသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
Numbers 26:62အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
Joshua 13:14လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။
Nehemiah 13:12ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။