The Bible Software
bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 19 › တောလည်ရာကျမ်း 19:13

တောလည်ရာကျမ်း 19:13

လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။

1835 Judson Burmese Bible

In The King James Version

Whosoever toucheth the dead body of any man that is dead, and purifieth not himself, defileth the tabernacle of the LORD; and that soul shall be cut off from Israel: because the water of separation was not sprinkled upon him, he shall be unclean; his uncleanness is yet upon him.

In Context

12သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့် မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေ လျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ။

14တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။

Read all of တောလည်ရာကျမ်း 19

Cross References

Leviticus 5:3လူ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း၊ မသိဘဲ ထိမိ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊

Leviticus 5:17တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -

Leviticus 15:31ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့ မစင် ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။

Leviticus 22:3ထာဝရဘုရားအဘို့ ဣသရေလအမျိုးသား သန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသော အရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ် အမျိုးသား မည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကို ခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

Numbers 8:7စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။

Numbers 15:30ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တောလည်ရာကျမ်း 19:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တောလည်ရာကျမ်း 19:12တောလည်ရာကျမ်း 19တောလည်ရာကျမ်း 19:14 →