တောလည်ရာကျမ်း 19:21
အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သော ရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ ထိုရေကို ထိသောသူလည်း၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 11:25ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
Leviticus 16:26လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။
Numbers 19:7ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို လည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
Numbers 19:10နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိ အဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း။
Hebrews 9:10စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များ နှင့်တကွ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။
Hebrews 10:4အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။