The Bible Software
bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 20 › တောလည်ရာကျမ်း 20:6

တောလည်ရာကျမ်း 20:6

မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။

1835 Judson Burmese Bible

In The King James Version

And Moses and Aaron went from the presence of the assembly unto the door of the tabernacle of the congregation, and they fell upon their faces: and the glory of the LORD appeared unto them.

In Context

5ငါတို့ကို အဲဂုတ္တုပြည်မှ ထွက်စေ၍၊ ဤဆိုးသော အရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ် သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ် နွယ်ပင်၊ သလဲပင်စိုက်စရာမကောင်း။ သောက်စရာရေမျှ မရှိဟု မောရှေကို အပြစ်တင်၍ ဆိုကြ၏။

7ထာဝရဘုရားကလည်း၊

Read all of တောလည်ရာကျမ်း 20

Cross References

Exodus 16:10အာရုန်သည် ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုသောအခါ၊ သူတို့သည် တောသို့ မြော်ကြည့်၍၊ မိုဃ်းတိမ်၌ ထင်ရှားသော ထာဝရဘုရား၏ ဘုန်းတော်ကို မြင်ရကြ၏။

Numbers 12:5ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။

Numbers 14:10ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့် ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရ ဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ ရှေ့မှာ ပရိသတ်စည်းဝေးရာ တဲတော်၌ ထင်ရှားလေ ၏။

Numbers 16:19ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။

Numbers 16:42ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။

Joshua 7:6ထိုအခါ ယောရှုသည် မိမိအဝတ်ကို ဆုတ်၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ မိမိတို့ခေါင်း ပေါ်၌ မြေမှုန့်ကိုတင်၍ ထာဝရဘုရား၏ သေတ္တာတော် ရှေ့မှာ ညဦးတိုင်အောင် ဝပ်လျက်နေကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study တောလည်ရာကျမ်း 20:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← တောလည်ရာကျမ်း 20:5တောလည်ရာကျမ်း 20တောလည်ရာကျမ်း 20:7 →