တောလည်ရာကျမ်း 23:10
ယာကုပ်အမျိုးမြေမှုန့်ကို အဘယ်သူရေတွက် နိုင်သနည်း။ ဣသရေလအမျိုးလေးစုတစုကိုမျှ အဘယ် သူရေတွက်နိုင်သနည်း။ ဖြောင့်မတ်သောသူသေသကဲ့သို့ ငါသေပါစေသော။ ငါ့အဆုံးသည် သူ၏အဆုံးကဲ့သို့ဖြစ်ပါ စေသောဟု မြွက်ဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 13:16သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
Genesis 28:14သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
Numbers 2:16ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
Numbers 2:31ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
Psalms 37:37စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့် မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသော သူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။
Proverbs 14:32မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။