တောလည်ရာကျမ်း 24:14
ယခုမူကား၊ ငါ့အဆွေအမျိုးတို့ထံသို့ ငါသွား တော့မည်။ နားထောင်ပါ။ နောင်ကာလ၌ ဤလူမျိုးသည် မင်းကြီး၏လူမျိုး၌ အဘယ်သို့ ပြုမည်အရာကို မင်းကြီး အား ကြားပြောပါမည်ဟု ဗာလက်မင်းအား ပြန်ဆိုပြီးမှ၊
1835 Judson Burmese Bible
In The King James Version
In Context
15ပရောဖက်စကားအားဖြင့် မြွက်ဆိုလေသည်မှာ၊ မျက်စိပွင့်သောသူ ဗောရသား ဗာလမ်၏စကား၊
Cross References
Numbers 24:17ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
Isaiah 24:22သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည် နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ် ကြောခြင်းကို ခံရကြလိမ့်မည်။
Jeremiah 49:39သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Daniel 10:14ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
Micah 6:5အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
2 Timothy 3:1နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊