တောလည်ရာကျမ်း 25:18
အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရား အမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
17မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍ လုပ်ကြံကြလော့။
Cross References
Genesis 3:13ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
Exodus 32:21အာရုန်ကိုလည်းခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက် ကြီးသော အပြစ်ကို ရောက်စေခြင်းငှါ သူတို့သည် သင်၌ အဘယ်သို့ ပြုသနည်းဟု မေးလျှင်၊
Numbers 31:15သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။
2 Corinthians 11:3မြွေသည်မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
2 Peter 2:18အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။