တောလည်ရာကျမ်း 26:10
မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
11သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
Cross References
Exodus 16:35ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်၊ အနှစ်လေးဆယ်ပတ်လုံး မန္နကို စားကြ၏။ ခါနာန်ပြည် နယ်နိမိတ်သို့ မရောက်မှီတိုင်အောင် မန္နကို စားကြ၏။
Numbers 16:31ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
Numbers 16:38ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
Numbers 27:3အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
Psalms 106:17မြေကြီးသည် ကွဲလျက် ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။
Ezekiel 14:8ထိုသူတဘက်၌ငါသည် မျက်နှာထား၍ သူ့ကို နိမိတ်ဖြစ်စေမည်။ စကားပုံလည်းဖြစ်စေမည်။ ထိုသူကို ငါ၏လူတို့အထဲမှ ပယ်ရှားမည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။