တောလည်ရာကျမ်း 26:53
ခါနန်ပြည်ကို ဝေရမည်။
1835 Judson Burmese Bible
In The King James Version
Unto these the land shall be divided for an inheritance according to the number of names.
In Context
52ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊
Cross References
Genesis 12:2ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။
Joshua 1:6အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
Joshua 14:1ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။
Psalms 49:14ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။
Ezekiel 47:22အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
Matthew 5:5စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။