တောလည်ရာကျမ်း 26:55
သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
56စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။
Cross References
Numbers 33:54သင်တို့ အဆွေအမျိုးတို့အား စာရေးတံချ၍ ထိုမြေကို ဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်း လျှင် နည်းသောမြေကို ပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။
Numbers 36:2အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
Joshua 14:2ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုး ကိုးမျိုးနှင့် တဝက် တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။
Joshua 18:6ပြည်ကို ခုနှစ်ပိုင်းပိုင်းခြားပြီးမှ၊ ပြည်ပုံကို ငါ့ထံ သို့ဆောင်ခဲ့၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ သင်တို့အဘို့ စာရေးတံပြုမည်။
Joshua 19:1ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
Joshua 19:17စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။