bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 26 › တောလည်ရာကျမ်း 26:58
တောလည်ရာကျမ်း 26:58
ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။
1835 Judson Burmese Bible
In The King James Version
These are the families of the Levites: the family of the Libnites, the family of the Hebronites, the family of the Mahlites, the family of the Mushites, the family of the Korathites. And Kohath begat Amram.
In Context
57ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-
59အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။
Read all of တောလည်ရာကျမ်း 26
Cross References
Exodus 6:20အာမရံသည် မိမိအရီးယောခေဗက်နှင့် စုံဘက်၍၊ သူသည် အာရုန်နှင့်မောရှေကို၎င်း၊ သူတို့အစ်မ မိရိအံကို၎င်း ဘွားလေ၏။ အာမရံအသက်သည် အနှစ်တရာ သုံးဆယ်ခုနစ်နှစ်ရှိသတည်း။
Numbers 16:1လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
This Verse In Other Editions
Study တောလည်ရာကျမ်း 26:58