တောလည်ရာကျမ်း 28:19
ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
18ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
20နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
Cross References
Leviticus 1:3နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
Numbers 28:31ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။
Deuteronomy 15:21ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။
2 Chronicles 35:12မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအား ပူဇော်စရာဘို့ လူများအဆွေအမျိုး အလိုက် အသီးအသီးတို့အားပေးဝေခြင်းငှါ၊ မီးရှို့ရာယဇ်များ နှင့် နွားများကို ခွဲထားကြ၏။
Malachi 1:13တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။