တောလည်ရာကျမ်း 29:17
ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 29:13ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။
Psalms 40:6ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလို တော်မရှိသည် ဖြစ်၍၊ အကျွန်ုပ်နားကို ဖွင့်တော်မူပြီ။ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်များကို တောင်းတော် မမူသောအခါ၊
Psalms 51:16ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
Isaiah 1:11ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။
Hosea 6:6ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။
Hebrews 8:13ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော်မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသောအရာမည်သည်ကား၊ ကွယ်ပျောက်ခြင်း သို့ရောက်လုနီးသတည်း။