တောလည်ရာကျမ်း 3:38
မောရှေနှင့် အာရုန်မှစ၍ အာရုန်၏ သားတို့ သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာန တော်ကို စောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော် အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်။
1835 Judson Burmese Bible
In The King James Version
In Context
37ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။
Cross References
Numbers 1:53ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ် အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှါ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရ မည်ဟု၊
Numbers 3:7သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
Numbers 3:23ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။
Numbers 3:35မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။
1 Chronicles 6:48သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။