bible.software › တောလည်ရာကျမ်း › တောလည်ရာကျမ်း 30 › တောလည်ရာကျမ်း 30:15
တောလည်ရာကျမ်း 30:15
ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည်။
1835 Judson Burmese Bible
In The King James Version
But if he shall any ways make them void after that he hath heard them; then he shall bear her iniquity.
In Context
14လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။
16ဤရွေ့ကား၊ မယားနှင့်လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။
Read all of တောလည်ရာကျမ်း 30
Cross References
Numbers 30:5သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
Numbers 30:12သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်း ပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည် နှောင်ခြင်းနှင့်၎င်း ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
This Verse In Other Editions
Study တောလည်ရာကျမ်း 30:15