တောလည်ရာကျမ်း 31:6
မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 10:8အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
Numbers 14:44သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက် သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင် သို့ မထွက်မသွားဘဲ နေလေ၏။
Numbers 33:20ရိမ္မုန်ဖါရက်အရပ်မှပြောင်း၍ လိဗနရွာ၌ စားခန်းချကြ၏။
Joshua 6:4ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
1 Samuel 4:4လူများတို့သည် ရှိလောမြို့သို့ လူကို စေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ တော်နှင့်အတူ ဧလိ၏ သားဟောဖနိနှင့်ဖိနဟတ်နှစ်ယောက်တို့သည် ပါကြ၏။
1 Samuel 14:18ထိုကာလအခါ ဘုရားသခင်၏ သေတ္တာတော်သည် ဣသရေလအမျိုးသားတို့၌ ရှိသည်ဖြစ်၍၊ ရှော လုက၊ ဘုရားသခင်၏ သေတ္တာတော်ကိုယူခဲ့ပါဟု အဟိယအား ဆို၏။