တောလည်ရာကျမ်း 33:56
ထိုမှတပါး၊ သူတို့အား ငါကြံစသည်သည်အတိုင်း သင်တို့ကို ငါပြုမည်ဟု မိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
Moreover it shall come to pass, that I shall do unto you, as I thought to do unto them.
In Context
Cross References
Leviticus 20:23သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
Deuteronomy 29:28ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
Joshua 23:16သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရ ဘုရားထားတော်မူသော ပဋိညာဉ်တရားကို ပြစ်မှားလျက်၊ အခြားတပါးသော ဘုရားတို့ထံသို့သွား၍ ဦးညွှတ်ဝတ်ပြု လျှင်၊ ထာဝရဘုရားသည် အမျက်ထွက်၍၊ အရင်ပေး တော်မူသော ဤကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန်ပျောက်ပျက်ကြလိမ့်မည်ဟု ဟောပြော၏။
Ezekiel 33:24အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊