တောလည်ရာကျမ်း 35:15
ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
1835 Judson Burmese Bible
In The King James Version
In Context
14ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
Cross References
Exodus 12:49အမျိုးသားချင်းဖြစ်သောသူ၊ သင်တို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ တပါးတည်းသောတရားနှင့် ဆိုင်ကြ၏ဟု ထာဝရဘုရားသည် မောရှေနှင့် အာရုန်၌ ပညတ်ထားတော်မူ၏။
Numbers 15:16သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
Galatians 3:28ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။