တောလည်ရာကျမ်း 35:19
သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
1835 Judson Burmese Bible
In The King James Version
The revenger of blood himself shall slay the murderer: when he meeteth him, he shall slay him.
In Context
18လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
20သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
Cross References
Numbers 35:12ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
Numbers 35:24ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
Deuteronomy 19:6သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
Joshua 20:3လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
Judges 8:19ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊
2 Samuel 3:30ထိုသို့ယွာဘနှင့်ညီ အဘိရှဲသည်အာဗနာကို သတ်၏။ အကြောင်းမူကား၊ သူတို့ညီ အာသဟေလကို ဂိဗောင်စစ်တိုက်ပွဲ၌ အာဗနာသတ်သတည်း။