တောလည်ရာကျမ်း 35:28
အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
1835 Judson Burmese Bible
In The King James Version
In Context
27သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
29ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
Cross References
John 15:4ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
Acts 27:31ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှ စ၍ စစ်သူရဲတို့အား ဆို၏။
Hebrews 6:4အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊
Hebrews 9:15ထိုကြောင့် ပဌမပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကိုလည်း လွတ်စေခြင်းငှါ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသော သူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရ အမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏။
Hebrews 10:39ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ၏။