တောလည်ရာကျမ်း 5:18
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Numbers 5:15ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။
Numbers 5:22ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင်၏ ဝမ်းထဲသို့ ဝင်၍ ဝမ်းရောင်းခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟု ဝန်ခံရမည်။
Deuteronomy 29:18ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
Proverbs 5:4အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
Isaiah 38:17အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
1 Corinthians 11:6ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။