တောလည်ရာကျမ်း 6:15
ဆီရောသောမုန့်ညက်နှင့်လုပ်သော မုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့ မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ထာဝရဘုရားအား ဆက်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 29:2တဆေးမပါသော ဂျုံမုန့်၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ပြား၊ တဆေးမပါဘဲ ဆီနှင့်လုပ်သော ဂျုံမုန့်ကြွပ်တို့ကို၎င်း ယူရမည်။
Leviticus 7:12ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
Leviticus 9:4ထာဝရဘုရားရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။
Numbers 15:3သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
Numbers 15:10နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
Joel 1:9ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ၏။