တောလည်ရာကျမ်း 6:5
ခြားနားခြင်းသစ္စာစောင့်သော ကာလပတ်လုံး၊ ဦးဆံကို မရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကို ခြားနားစေ သော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက် တိုးပွားစေမည်။
1835 Judson Burmese Bible
In The King James Version
In Context
4ခြားနားလျက်နေသော ကာလပတ်လုံး စပျစ်သီး အဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်က ဖြစ်သမျှကို မစားရ။
6ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
Cross References
Judges 13:5အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။
Judges 16:19ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့်၊ လူတယောက်ကို ခေါ်၍ သူ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ၊ သူကို နှောင့်ရှက်စပြု၍ သူ၏ ခွန်အားသည် လျော့ ပျောက်၏။
Lamentations 4:7သူ၏မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။