တောလည်ရာကျမ်း 8:11
သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 29:24အာရုန်လက်၊ သူ၏ သားတို့လက်၌ ထိုအရာတို့ကို ထားပြီးလျှင်၊ ထာဝရ ဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုရမည်။
Leviticus 8:27အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာပြုလေ၏။
Numbers 1:49လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။
Numbers 6:20ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော် သက္ကာဘို့ ချီလွှဲရမည်။ ထိုအရာတို့သည်၊ ချီလွှဲရာရင်ပတ်၊ ချီလွှဲရာ ပခုံးနှင့်တကွ ယဇ်ပုရောဟိတ်အဘို့ သန့်ရှင်းရမည်။ ထိုနောက်မှ နာဇရိလူသည် စပျစ်ရည်ကို သောက်ရသောအခွင့်ရှိ၏။