တောလည်ရာကျမ်း 8:14
ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
13လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
Cross References
Numbers 3:12ဣသရေလအမျိုးတွင် အဦးဘွားမြင်သော သားဦးများအတွက် လေပိသားတို့ကို ငါရွေးယူသော ကြောင့်၊ လေဝိသားတို့သည် အထူးသဖြင့် ငါ၏လူဖြစ်ရ ကြမည်။
Numbers 6:2ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြား နားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊
Numbers 16:9သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
Deuteronomy 10:8ဣသရေလအမျိုးသားတို့သည် မောသရုတ် အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စားခန်းချကြ၏။
Romans 1:1လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
Hebrews 7:26ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။