တောလည်ရာကျမ်း 9:14
သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 12:48သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသားသည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှာ အလိုရှိလျှင်၊ သူ၌ရှိသော ယောက်ျားအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံကြစေ။ သို့ပြီးမှ ထိုသူသည် ပြည်သားကဲ့သို့ ဖြစ်သောကြောင့်၊ ချဉ်း၍ ထိုပွဲသို့ဝင်စေ။ အရေဖျားလှီးမင်္ဂလာကို မခံသောသူမည်သည်ကား၊ ထိုပွဲ၌ ဝင်၍ မစားရ။
Leviticus 19:10ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကို ပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
Leviticus 24:22ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါးအမျိုးသားဖြစ်စေ၊ တပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏။-
Deuteronomy 29:11သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
Ezra 6:21သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ၊ တပါး အမျိုးသား နေရာအရပ် အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊
Ephesians 2:19ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။