Obadiah 1:18
ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 19:20ကိုယ်တော်ကျွန်သည် ပြစ်မှားမိသည်ကို ကိုယ် တော်ကျွန်သိပါ၏။ သို့သော်လည်း ယောသပ်အမျိုးသား အပေါင်းတို့အရင်၊ ကျွန်တော်သည် ယနေ့အရှင် မင်းကြီးကို ခရီးဦးကြိုပြုခြင်းငှါ လာပါပြီဟု လျှောက် လေ၏။
Isaiah 5:24ထိုကြောင့်၊ မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ၊ သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏တရားတော်ကို ကယ်ကြပြီ။ ဣသရေလအမျိုး ၏သန့်ရှင်းသော ဘုရား၏ဗျာဒိတ်တော်ကို မထီမဲ့မြင် ပြုကြပြီ။
Isaiah 31:9သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့ သော မြို့ကိုလွန်သွား၍၊ သူ၏ မှုးမတ်တို့သည် နိမိတ်ကို မြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာမီး လျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရား မိန့်တော်မူ သတည်း။
Ezekiel 37:16အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့။
Joel 2:5ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
Amos 6:6စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့် လိမ်းခြင်းတို့ကိုပြု၍၊ ယောသပ်အမျိုး ဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲနေသော၊