Obadiah 1:5
ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 24:21သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူ သောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်း သောအသီးသည် တပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုတ်ဆိုးမအဘို့ ဖြစ်ရမည်။
Isaiah 14:12အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
Isaiah 24:13ထိုသို့ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။
Jeremiah 49:9စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
Lamentations 1:1စည်ပင်ခဲ့သော မြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ထူးသော သတို့သမီးသည် မုတ်ဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏ သခင်မသည် အခွန်ပေးရ၏။
Zephaniah 2:15ထိုမြို့က၊ ငါရှိ၏။ ငါမှတပါး အဘယ်သူမျှ မရှိ ဟု ဆိုလျက် သောကနှင့် ကင်းလွတ်၍ ဝမ်းမြောက်လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲအိပ်ရာ သူအပေါင်းတို့သည် ကဲ့ရဲ့သံ ကို ပြု၍ လက်ဖျားခါကြလိမ့်မည်။